ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံ၌ ပရဟိတအဖွဲ့များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသူများအား Sputnik Lisht ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံ၌ ပရဟိတအဖွဲ့များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသူများအား Sputnik Lisht ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

 



MNP - ဖေဖော်ဝါရီ    ၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် လူမှုကူညီရေး အသင်းများမှ ပရဟိတလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့များနှင့် ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် အသက်၁၈နှစ်အထက်မှ အသက်၅၀နှစ်အထက် ပြည်သူများအား Sputnik Lisht ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးကို ယမန်နေ့နံနက် ၁၁နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ တတိယနေ့အဖြစ် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Sputnik Lisht ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်၁၈နှစ်အတွင်းမှ ၅၀နှစ်အထက် ဒေသခံများထဲမှ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးရသေးသည့် သူများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီးနောက် ခြောက်လပြည့်ပြီးသည့် သူများကိုသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရာ ဆေးထိုးစုရပ်ဖြစ်သည့် မြို့နယ်ပြည်သူဆေးရုံသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး ကော်မတီမှ တာဝန်ရှိသူများက လာရောက်ကြည့်ရူ အားပေးပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ၏ လိုအပ်ချက်များ မေးမြန်းကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ကာကွယ်ဆေးလာရောက် ထိုးနှံသူ စုစုပေါင်း(၂၅၃) ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သတင်း - ချိုမြတ်မြတ်ထွေး 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)