ကရင်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်နှင့် ပြည်သူ့ပါတီတို့ကို စစ်ဆေးပြီးဖြစ်ကြောင်း UEC ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်နှင့် ပြည်သူ့ပါတီတို့ကို စစ်ဆေးပြီးဖြစ်ကြောင်း UEC ထုတ်ပြန်


 MNP ၊ ဖေဖော်ဝါရီ ၁၇

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ( ဌ ) တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း ” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေး ပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက် ထားခြင်း ရှိ၊ မရှိ တို့ကိုစစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်နှင့် ပြည်သူ့ပါတီတို့ကို စစ်ဆေးပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်ဦးနှင့် ဒေါ်နုမြဇံတို့ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူး စုံစမ်းစစ်ဆေး ရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ရန်ကုန်မြို့ အခြေစိုက်ဖြစ်သော ကရင်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်နှင့် ပြည်သူ့ပါတီတို့ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ  ၇ ရက်မှ ၁၁ ရက်အထိ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


၁၈-၂-၂၀၂၂ ရက်နေ့မှ စ၍  NLD ပါတီနှင့် အခြား ပါတီများအား ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ကြိုတင်အကြောင်းကြားပြီး ဖြစ်သည်ကြောင်း UEC ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)