နမ္မတူမြို့နယ် သန့်ရှင်းသာယာလှပရေး ဒေလီယာလမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ် သန့်ရှင်းသာယာလှပရေး ဒေလီယာလမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်



MNP - မတ်   ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနအနေဖြင့် မြို့နယ်ဖွံ့ဖြိုး သာယာလှပရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ သွားရေးလာရေး အဆင်ပြေစေရေးအတွက် နှစ်စဉ်ရပ်ကွက် အတွင်းရှိလမ်း များကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၂) ရှိ ဒေလီယာလမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှသည်။

အဆိုပါ ဒေလီယာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဒုတိယ (၃) လပတ်အတွက် မြို့နယ်စည်ပင် သာယာရေးဦးစီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၉.၉၉ သန်း ဖြင့်  လမ်းအရှည် (၄၅၀) ပေ၊ အကျယ် (၁၂)၊ ထု (၆) လက်မရှိပြီး မတ်လ (၁၂) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမာဝင်းထံက သိရသည်။

သတင်း - လူမော် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)