(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်မြို့နယ် ပျဉ်းပင်ကိုင်း-လယ်ပြင် ကုန်ထုတ်လမ်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်မြို့နယ် ပျဉ်းပင်ကိုင်း-လယ်ပြင် ကုန်ထုတ်လမ်းဖွင့်လှစ်



MNP - မတ်   ၂၆

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်ဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ပျဉ်းပင်ကိုင်းကျေးရွာ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆) လပတ် ပြည်ထောင်စု ရန်ပုံငွေဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် ပျဉ်းပင်ကိုင်း-လယ်ပြင်ကုန်ထုတ် လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက ကုန်ထုတ်လမ်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းပြောကြားပြီး ကျေးရွာသူကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း၊ စီမံကိန်းမြို့နယ် ဦးစီးမှူးနှင့် သမဝါယမမြို့နယ် ဦးစီးမှူးတို့က ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး သည်။

အဆိုပါ ကုန်ထုတ်လမ်းကို ခွင့်ပြုငွေကျပ် (၁၀၁ ဒသမ ၃၁) သန်းဖြင့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က  စတင်ဆောင်ရွက်ခဲ့ပြီး အရှည်ပေ ၁ မိုင် ၇ ဖာလုံ၊ အကျယ် ၁၂ ပေနှင့် ထု ၂ ပေ ၉ လက်မရှိ မြေနီကျောက်စရစ် ခင်းလမ်းဖြစ်ကာလမ်းအား ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ယင်း ကုန်ထုတ်လမ်းသည် ဒေသတွင်းစိုက်ပျိုးဧက (၈၀၀) အား အကျိုးပြုနိုင်မည်ဖြစ်ကာ ကျေးလက်နေ ပြည်သူများ၏ စိုက်ပျိုးသီးနှံများ အချိန်ကုန်သက်သာသက်သာစွာ ဈေးကွက်သို့ အလျင်အမြန် ရောက်ရှိနိုင်ရေး အထောက်အကူပြုဖြစ်စေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေမည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ပြည်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သတင်း - ကိုစိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)