စစ်တွေမြို့၊ လူထုအ‌‌ပြုဗဟိုဌာနတွင် လူငယ်များအတွက် နွေရာသီ အခြေခံကရာတေးဒိုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့၊ လူထုအ‌‌ပြုဗဟိုဌာနတွင် လူငယ်များအတွက် နွေရာသီ အခြေခံကရာတေးဒိုသင်တန်းဖွင့်လှစ်




MNP -  မတ်   ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ ညနေ(၁၅၀၀)ချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားမန်ကရာတေးဒိုအသင်းတို့ပူးပေါင်း၍ လူငယ်လူရွယ်များကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက်များကိုအချိန်အကျိုးရှိစွာအသုံးချတတ်စေရေး၊ ရန်သူများအား ခုခံနိုင်စွမ်းနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များဖြစ်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံကရာတေးဒို သင်တန်းဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြအဖြစ် လူငယ်များအကျိုးအတွက် လမ်းပြပေးနေသူ နည်းပြ ဦးအောင်သိန်းက အနာဂတ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်သော ကိုယ်ခန္ဓာဖြင့်‌ ကောင်းမွန်‌သော အနာဂတ်တွင် တစထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်နိုင်စေရန်၊ အချိန်အကျိုးရှိသူများဖြစ်ကာ လမ်းမှားမရောက်စေရေးအတွက်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊သင်တန်းကို နေရာသုံးနေရာခွဲ၍ ဖွင့်လှစ်လျက်ရှိပါကြောင်း၊ မိမိတို့နှင့်ပူးပေါင်းဆောင်ရွက်ပေးသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကိုလည်း ကျေးဇူးတင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသားသင်တန်းသူ(၄၅)ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ မတ်လ (၃၀)ရက်နေ့မှ ဧပြီ(၃၀)နေ့ထိ တစ်လတာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇူလိုင်ကြယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)