ဗန်းမောက်မြို့၌ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် သီးနှံမျိုးစေ့ပြပွဲနှင့် စိုက်ပျိုးနည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမောက်မြို့၌ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် သီးနှံမျိုးစေ့ပြပွဲနှင့် စိုက်ပျိုးနည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP - မတ်    ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မတ်လ(၂)ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စိုက်ပျိုးနည်းပညာများ ပြန့်ပွားစေရန်အတွက် သီးနှံမျိုးစေ့ပြပွဲနှင့် စိုက်ပျိုးနည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်စိုးက ပြပွဲပြုလုပ်ရခြင်းနှင့် သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား စိုက်ပျိုးနည်းပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး ဟင်းသီးဟင်းရွက်များ၊ မျိုးစေ့များနှင့်ပျိုးပင်များကို ထောက်ပံ့ ပေးခဲ့ကြသည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ စိတ်ပါဝင်စားသူ အကျိုးဆောင် တောင်သူ(၃၀)ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

သတင်း - မေသူဟန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)