MNP - မတ် ၂၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို ပဲခူးတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ မတ်လ ၂၄ ရက်နေ့မှ ဧပြီ လ ၄ ရက်နေ့အထိ အခမဲ့ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူ၊ လူငယ်/လူရွယ်များ အားကစားကို စိတ်ပါဝင်စားပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကရာတေးဒို၊ Fitness Dance အေရိုးဗစ်၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ဘက်စကက်ဘောစသည့် အားကစားနည်းပညာများကို ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၄၄၂)ဦး တက်ရောက်လျက်ရှိကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းဦးထံက သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment