စမ်းချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသက်သာစွာ ဖြေဆိုရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသက်သာစွာ ဖြေဆိုရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး




MNP - မတ်      ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ယနေ့မှ ဧပြီလ ၉ ရက်အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသက်သာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် မြို့နယ်အတွင်းရှိ စာစစ်ဌာန အ.ထ.က(၂) ကျောင်းအား ယမန်နေ့နံနက်ပိုင်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ထားမှုရှိ/မရှိ၊ လူပုဂ္ဂိုလ်လုံခြုံရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီစဉ်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ စာဖြေ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းသက်သာစွာ ဖြေဆိုနိုင်ရေးနှင့် စာဖြေခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ  ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ (၂၈၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - ခင်ငြိမ်းချမ်းဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)