ပေါင်မြို့နယ်၌ ဒီရေတောပျိုးဥယျာဉ်နှင့် စိုက်ပျိုးထားသော ဒီရေတောများ ကွင်းဆင်းစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ဒီရေတောပျိုးဥယျာဉ်နှင့် စိုက်ပျိုးထားသော ဒီရေတောများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်







MNP ၊ မတ် ၆


မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ဒီရေတောပျိုးဥယျာဉ်နှင့် စိုက်ပျိုးထားသော ဒီရေတောများစိုက်ပျိုးထားရှိမှုများအား မတ်လ ၆ ရက်နေ့ကအလှပ်ကျေးရွာ ဒီရေတောပျိုးဥယျာဉ်နှင့် ဇီးကုန်းရပ်ကွက် ပင်လယ်ကမ်းခြေရှိ ဒီရေတောများ အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိုက်ထွန်း၊သစ်တောတာဝန်ခံတောအုပ်ကြီး ဦးမိုးကျော်သူနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ထိုသို့ကွင်းဆင်းရာတွင် အလှပ်ကျေးရွာရှိ ဒီရေတောပျိုးဥယျာဉ်ရှိ ဗြူးခြေထောက်(၉၀၀၀)ပင်၊ သမဲ့(၆၀၀၀)ပင်၊ စုစုပေါင်း (၁၅၀၀၀)ပင် ပျိုးထောင်ထားရှိမှုအားလည်းကောင်း၊ ၂/၂၀၂၀ ဒီရေတော(၆၀) ဧကနှင့် သမဲ့(၄၀)ဧက စိုက်ပျိုးထားရှိမှုများနှင့် အောင်မြင်ဖြစ်ထွန်းမှုများအားလည်းကောင်း ကွင်းဆင်းကြည့်ရုစစ်ဆေးခဲ့ကြသည်။ ယခုပျိုးထောင်ထားသော ပျိုးပင်(၁၅၀၀၀)ကို လာမည့်မိုးရာသီတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)