ဘုတ်ပြင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးကို ကျောင်းသား၊ ကျောင်းသူ ၃၂၆ ဦး ဝင်ရောက် ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးကို ကျောင်းသား၊ ကျောင်းသူ ၃၂၆ ဦး ဝင်ရောက် ဖြေဆိုမည်

MNP - မတ်   ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ယနေ့ထိ စာရင်းအရ ကျောင်းသား၊ ကျောင်းသူဦးရေ ယနေ့ထိစာရင်းအရ စုစုပေါင်း ၃၂၆ ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ ၂၂၂ ဦး၊ ကျောင်း ပြင်ပဖြေဆိုသူ ၁၀၄ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၂၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး အတွဲ(၁) ဘာသာရပ်တွင် ၂၇၆ ဦး၊ အတွဲ(၂)ဘာသာရပ်တွင် ၃၉ ဦးနှင့် အတွဲ( ၇)ဘာသာရပ်တွင်    ၁၁ ဦး ရှိကြောင်းသိရသည်။၊ ဘုတ်ပြင်းမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပရန် စာစစ်ဌာန ၂ ခု စီစဉ်ဆောင်ရွက်ထားရှိပြီး အဆိုပါစာစစ်ဌာနများမှာ အထက-ဘုတ်ပြင်း၊ အထက-ပြည်ကြီးမဏ္ဍိုင် စာစစ်ဌာနတို့ဖြစ်ကြောင်း သိရသည်။ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)