၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအကြိုစာမေးပွဲကို သံတွဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၂၀၀ ဦးဝင်ရောက် ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအကြိုစာမေးပွဲကို သံတွဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၂၀၀ ဦးဝင်ရောက် ဖြေဆို

 


MNP - မတ်    ၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အကြိုစာမေးပွဲကို မတ် ၁ ရက်နေ့မှစတင်၍ သက်ဆိုင်ရာကျောင်းများတွင် ဘာသာတွဲများအလိုက် ဖြေဆိုလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သံတွဲမြို့နယ်အတွင်း ပြည်နယ်အဆင့်မေးခွန်းပုံစံဖြင့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအကြို စာမေးပွဲကို အခြေခံပညာ အထက်တန်းကျောင်း(၁၀)ကျောင်းနှင့် အထက(ခွဲ) ၅ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၂၀၀ ဦး ဝင်ရောက် ဖြေဆိုလျက်ရှိသည်။ အဆိုပါစာမေးပွဲကို မတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့ အထိဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - သန့်ဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)