အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာရောင်းချပေး





MNP -   မတ်  ၂၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေ ရေးနှင့် ဈေးနှုန်းချိုသာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်  မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်၈နာရီအချိန်က ဌာနာရပ်ကွက်၊ အလုံမြို့နယ် ခန်းမရှေ့တွင် ဆန်၊ဆီ၊ ကြက်ဥနှင့် အသား၊ ငါးများ ရောင်းချပေးလျက်ရှိပါ ကြောင်းသိရသည်။

ထို့သို့ရောင်းချပေးခဲ့ရာတွင်  ပေါ်ဆန်းဆန်း  (၅)ပြည်တစ်အိတ် ၈၅၀၀ကျပ် ၊ ဧည့်မထ (၅)ပြည် တစ်အိတ် ၅၀၀၀ကျပ်၊  ဆီတစ်ဘူး ၂၈၀၀ ကျပ်၊ ကြက်တစ်ပိဿာ(၆၀၀၀)၊ ဆိတ်သား တစ်ပိ ဿာ(၁၇၀၀ဝိ)၊ အရိုးအသားတစ်ပိဿာ(၁၂၀၀ဝိ)၊ ကလီစာတစ်ပိဿာ(၉၀၀ဝိ)၊ အမဲတစ်ပိဿာ (၁၂၀၀ဝိ)၊ ဝက်သား အဆီအသားတစ်ပိဿာ(၁၀၀၀၀)၊ ဝက်သားလှိုင်းသား/ အသားရှယ် တစ်ပိဿာ(၁၂၀၀၀)၊ နံရိုးတစ်ပိဿာ(၉၀၀ဝိ)ကျပ်၊ ငါးတစ်ပိဿာ(၆၆၀၀)၊ ပုစွန် တစ်ပိဿာ (၁၂၀၀၀)ကျပ် နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် စည်ပင် သာယာရေးဝန်ထမ်းများက ဈေးလာရောက်ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်၊၊

သတင်း  -  တင်တင်ချို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)