၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်သားကျောင်းသူများ အေးချမ်းစွာစတင် ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်သားကျောင်းသူများ အေးချမ်းစွာစတင် ဖြေဆို

 





MNP - မတ်   ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နိုင်ငံတစ်ဝှမ်း မတ်လ ၃၁ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ကန့်ဘလူ ၊ မောက်မယ် ၊ သာပေါင်း ၊ ဓနုဖြူ ၊ လင်းခေး ၊ မိုင်းရယ် ၊ မိုင်းယန်း ၊ ပန်းတနော် ၊ ရေတာရှည် ၊ လဲချား ၊ မလိုင် ၊ ရေကြည် မြို့နယ်တို့တွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူ မြို့နယ်တွင် စာစစ်ဌာန ၅ ခုမှ ကျောင်းသား၊ကျောင်းသူများ၊ မောက်မယ် မြို့နယ်တွင် စာစစ်ဌာန ၂ ခုတို့မှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူဦးရေ ၁၂၁ ဦး၊ သာပေါင်း မြို့နယ်တွင် စာစစ်ဌာန ၆ ခု  ကျောင်းသား၊ကျောင်းသူများ၊ ဓနုဖြူ မြို့နယ်တွင် စာစစ်ဌာန ၉ ခုမှ ကျောင်းသား၊ကျောင်းသူများ၊ လင်းခေး မြို့နယ်တွင် စုစုပေါင်းကျောင်းသား၊ကျောင်းသူဦးရေ  ၂၁၂ ဦး၊ မိုင်းရယ် မြို့နယ်တွင် စုစုပေါင်း ကျောင်းသား၊ကျောင်းသူဦးရေ ၈၅ ဦး၊ မိုင်းယန်း မြို့နယ်တွင် စာစစ်ဌာန ၂ ခုမှ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ  ၄၂ ဦး၊ ပန်းတနော် မြို့နယ်တွင် စာစစ်ဌာန ၁၃ ခုမှ  စုစုပေါင်းကျောင်းသား၊ကျောင်းသူဦးရေ  ၁၃၉၂ ဦး၊ ရေတာရှည် မြို့နယ်တွင် စာစစ်ဌာန ၆ ခုမှ  စုစုပေါင်းကျောင်းသား၊ကျောင်းသူဦးရေ ၁၇၀၅ ဦး၊ လဲချား မြို့နယ်တွင်   စုစုပေါင်းကျောင်းသား၊ကျောင်းသူဦးရေ ၂၁၅ ဦး၊ မလိုင်မြို့နယ်တွင် စာစစ်ဌာန ၆ ခုမှ စုစုပေါင်းကျောင်းသား၊ကျောင်းသူဦးရေ ၁၄၂၄  ဦး၊ ရေကြည် မြို့နယ်တွင် စာစ်ဌာန ၉ ခုမှ စုစုပေါင်းကျောင်းသား၊ကျောင်းသူဦးရေ  ၁၂၅၈ ဦးတို့  အေးချမ်းစွာ ဝင်ရောက် ဖြေဆိုလျက် ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြနမာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)