MNP - မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ ထောက်ပံ့ပေးအပ်းသော ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများအား ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့မှ သာပေါင်းမြို့နယ် ပြည်သူ့စစ်စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်တို့ကို တွေ့ဆုံထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန် မြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့ရုံး၊ မြဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ် းဟောင်းဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး နေဝင်း(ငြိမ်း) အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဒုတိယဗိုလ်မှူး ကြီးနေဝင်း(ငြိမ်း)မှ ထောက်ပံ့ငွေကျပ်(၈၅၀၀၀)နှင့် စားသောက်ဖွယ်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ လှူဒါန်းထောက်ပံ့ငွေကျပ်(၁)သိန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးမှ အပတ်စဉ် အာဟာရ ရိက္ခာများ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်းမှ လှူဒါန်းထောက်ပံ့ငွေကျပ် (၁)သိန်း စုစုပေါင်း (၂၈၅၀၀၀)ကျပ်နှင့် စားသောက် ဖွယ်ရာတို့အား တာဝန်ထမ်းဆောင်နေကြသော ပြည်သူ့စစ်စစ်မှု ထမ်းဟောင်းအဖွဲ့ဝင် (၁၇)ဦးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment