ပန်းတောင်းမြို့တွင်ဆီထွက်သီးနှံ နေကြာဧကပေါင်း ၂၈၃ဧက စိုက်ပျိုးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့တွင်ဆီထွက်သီးနှံ နေကြာဧကပေါင်း ၂၈၃ဧက စိုက်ပျိုးနိုင်ခဲ့




MNP - မတ်    ၈

ပဲခူးတိုင်းဒေသကြီး၊၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ် တွင် ၂၀၂၂ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာ သီတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆီထွက်သီးနှံနေကြာကို ဧကပေါင်း ၂၈၃ဧက စိုက်ပျိုးနိုင်ခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ အစီအစဉ်ဖြင့် အောက်တိုဘာ လက ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ အိပ်(၁၀၀)အား တောင်သူများထံအခမဲ့ ဖြန့်ဝေပေးခဲ့ရာ ပန်း တောင်းမြို့တွင် နေကြာစိုက်ပျိုးနိုင်သော မြေအမျိုးအစားအားလုံးတွင် တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ ကြောင်း တောင်ဘို့ကြီး ကျေးရွာအုပ်စုမှ တောင်သူဦးဖိုးမြိုင်

က ဧကပေါင်း ၃ဧကနှင့် မြောင် ကျေးရွာမှ တောင်သူဦး မျိုးမင်းသူ၊ဦး မြင့်ဆွေတို့မှနေကြာသီးညှပ်(၄)ဧက၊မင်ရပ်ရပ်ကွက်မှတောင်သူ ဦးသီရိ မှနေကြာသီညှပ်(၂)ဧက၊ထုံဘိုကျေးရွာတောင်သူဦးကျော်စွာဝင်းနေကြာသီးသန့်(၃)ဧကတို့ကိုအောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ခဲ့၍ လာမည့်ဆောင်သီးနှံစိုက်ရာသီတွင်လည်း မျိုးကောင်းမျိုးသန့် ပြန်လည်အသုံးပြု ဖြန့်ဝေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဒေါ်အေးအေးသင်းထံမှသိရသည်။

ပန်း တောင်းမြို့တွင် ဆီထွက်သီးနှံနေကြားအား ဆောင်သီးနှံပဲခင်းများတွင် သီးထပ်သီးညှပ် စိုက်ပျိုးခြင်းအပြင် သီးသန့်စိုက်ပျိုးခြင်းများဖြင့် ဧကပေါင်း ၂၈၃ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း လာမည့် ဆီထွက်သီးနှံစိုက်ပျိုးရာသီမှာလဲ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ဖို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လျာထား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး မှဦးစီးအရာရှိဒေါ်အေးအေးသင်း ထံမှ သိရပါတယ်။

သတင်း - သင်းသင်းအေး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)