ဟိုပန်၌ နွေရာသီ အခြေခံအားကစား သင်တန်း ဖွင့်လှစ်သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ နွေရာသီ အခြေခံအားကစား သင်တန်း ဖွင့်လှစ်သင်ကြားပေး


MNP - မတ်    ၂၈

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အားကစားကွင်းတွင်  ဟိုပန်မြို့နယ် အားကစားနှင့် ကာယပညာဉီးစီးဌာနမှ နွေရာသီ အခြေခံ အားကစား သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ သင်တန်းကို အားကစားနည်း(၆)မျိုးဖြင့်  မတ်လ ၂၅ ရက်နေ့ ညနေပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဘောလုံးအားကစားနည်း သင်တန်းတွင် (၁၀၀)ဉီး၊  ကြက်တောင်ရိုက်တွင် (၂၀)ဉီး၊  ဘောလီဘောတွင်(၂၀)ဉီး၊ ပိုက်ကျော်ခြင်းတွင် (၃၀)ဉီး၊ စားပွဲတင်တင်းနစ်တွင်(၁၀)ဉီးနှင့် ပြေးခုန်ပစ်အားကစားနည်းတွင် (၂၀)ဉီး စုစုပေါင်း သင်တန်း သူ/သား (၂၀၀)ဉီးတို့ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၂)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

နွေရာသီ အခြေခံအားကစားသင်တန်းကို ကျောင်းသား၊ကျောင်းသူများ၊ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အကျိုးရှိရှိ အသုံးချတက်စေရန်၊ မြို့နယ်အားကစား တိုးတက်ဖွံ့ဖြိုးစေရန်နှင့် အားကစားနည်းအလိုက် အခြေခံမှစ၍ စနစ်တကျ သိတက်ကြစေရန် တို့ကို ရည်ရွယ်ပြီး သက်ဆိုင်ရာ အားကစားနည်းပြများဖြင့် စနစ်တကျ  ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း ဟိုပန်မြို့နယ်၊ အားကစားနှင့်ကာယပညာဉီးစီးဌာန၊ နည်းပြ(နည်းစနစ်) ဒေါ်နန်းမျိုးသန္တာဉီးထံမှ  သိရှိရသည်။

သတင်း - ဇင်ဇင

 မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)