ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ စာစစ်ဌာနပြုလုပ်မည့်ကျောင်း ကြိုတင်ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ စာစစ်ဌာနပြုလုပ်မည့်ကျောင်း ကြိုတင်ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး



MNP - မတ်    ၃၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး  အဖွဲ့မှ ၂၀၂၁၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် မြို့နယ်စာစစ်ဌာန ပြုလုပ်မည့် အခြေခံပညာ အထက်တန်းကျောင်း(အထက-  ခနောင်တို) ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက  တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ  စာမေးပွဲဖြေဆိုရာတွင် ဘေးကင်းလုံခြုံရေး အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာမေးပွဲဖြေဆိုမည့် အခန်းများ၊ စာဖြေခုံများ ပြင်ဆင်ထားရှိမှုများ၊ စာဖြေခန်းများနှင့် ကျောင်းဝင်း အတွင်း/အပြင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ထားရှိမည့်အစီအစဉ်များ၊ လျှပ်စစ်မီး သွယ်တန်း တပ်ဆင်ထားရှိမှုအခြေအနေများနှင့် စာစစ်ဌာနကျောင်း၏ အတွင်း/အပြင် လုံခြုံရေး ချထားဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ကျကျောင်းအုပ်ဆရာမကြီးမှ ကဏ္ဍအလိုက် ဆောင်ရွက် ထားရှိမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသ ပြောကြားခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌  ၂၀၂၁- ၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို) စာစစ်ဌာနတစ်ခုထားရှိပြီး၊ စာမေးပွဲဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ ၂၉၈ ဦးစာရင်း ပေးသွင်း ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - ဝေယံ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)