ရမ်းဗြဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကြမည့် ‌ကျောင်းသား‌/ကျောင်းသူများ အနှောင့်အယှက် မဖြစ်စေရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကြမည့် ‌ကျောင်းသား‌/ကျောင်းသူများ အနှောင့်အယှက် မဖြစ်စေရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာ


MNP ၊ မတ် ၃၁    

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စမေးပွဲဖြေဆိုကြမည့်ကျောင်းသား/ကျောင်းသူများ ကိုယ်စိတ်နှစ်ပါး အနှောင့်အယှက်မဖြစ်ပေါ်စေရေးအတွက် ရမ်းဗြဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့်ထုတ်ပြန်ကြေညာချက်ကို မတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီက ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။    

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင်  တက္ကသိုလ်ဝင်စာမေးပွဲ ၂၀၂၂-ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ထိ  တစ်နိုင်ငံလုံး တစ်ပြိုင်နက်တည်းဖြေဆိုကြရမည်ဖြစ်ပြီး  စာမေးပွဲကာလအတွင်းကျောင်းသား/ကျောင်းသူများ အနှောင့်အယှက်မဖြစ်ပေါ်စေရေးအတွက် အသံချဲ့စက်များဖွင့်ခြင်း၊ ဆောင်းဘောက်များဆူညံစွာဖွင့်ခြင်းမပြုလုပ်ရန်၊ လမ်းဆုံ လမ်းခွနေရာများတွင်လူများစုဝေးပြီး ဂစ်တာတီး သီချင်းဟစ်အော်သီဆိုခြင်းမပြုလုပ်ရန်၊ ကာရာအိုကေဆိုင်၊ စားသောက်ဆိုင်များနှင့်အရက်ဘီယာဆိုင်များအနေဖြင့် ည ၉ နာရီထိသာရောင်းချရန် စသည့်အချက်များပါသည့် ဒေသန္တရဥပဒေကိုထုတ်ပြန်ကြေညာခဲ့သည်။

ထိုအမိန့်ထုတ်ပြန်ကြေညာချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ 


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)