ဖောင်းပြင်မြို့နယ်တွင် အောက်ဆီဂျင်ထုတ်လုပ်ရေးကော်မတီသို့ အလှူငွေများလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖောင်းပြင်မြို့နယ်တွင် အောက်ဆီဂျင်ထုတ်လုပ်ရေးကော်မတီသို့ အလှူငွေများလှူဒါန်း




MNP - မတ်    ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော လူနာများနှင့် ပြင်ပမှ အောက်ဆီဂျင်လိုအပ်သူများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော အောက်ဆီဂျင်စက်ဖြင့် အောက်ဆီဂျင်များ နေ့စဉ်ထုတ်လုပ်ပေးလျက်ရှိရာ အောက်ဆီဂျင်ထုတ်လုပ်ရေးတွင် အဆင်ပြေစေရေးအတွက် လိုအပ်သည်များအသုံးပြုနိုင်ရန် ရေအောက်တောင်းကျေးရွာမှ ဆရာတော်ဦးစန္ဒောဘာသအား အမှူးထား၍ ဦးခင်မောင်သန်း၊ ဒေါ်ခက်ဝါဦးမိသားစုမှ အလှူငွေကျပ် (၅၀၀၀၀၀) ငါးသိန်းအား ယမန်နေ့က လှူဒါန်း သွားကြကြောင်း သိရသည်။

ထိုသို့ လှူဒါန်းမှုအပေါ် အောက်ဆီဂျင်ထုတ်လုပ်ရေးကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ကြောင်း အောက်ဆီဂျင်လိုအပ်သူများအတွက် နေ့စဉ်ထုတ်လုပ်ပေးနေမှုနှင့် ပတ်သက်၍ “ မြို့နယ်ပြည်သူ့ဆေးရုံက လူနာတွေအတွက် အောက်ဆီဂျင် ၄၀ လီတာအိုး ၄ လုံး အထက်မှာ ပေးဝေနေရပြီး တစ်လမှာ ပျမ်းမျှအလုံးရေ ၁၂၀ ပေးဝေနေရပါတယ်။ ၄၀လီတာအိုး အောက်ဆီဂျင် တစ်လုံးရဲ့ကုန်ကျငွေက လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကို ၄၀၀ နှုန်းနဲ့ ၁၂၀၀၀ ကျပ် ဖိုးသီးချိုလျှပ်စစ်ကုမ္ပဏီကို ပေးဆောင်ရတာဖြစ်ပါတယ်။ ငွေကြေးမတတ်နိုင်တဲ့ လူနာတွေအတွက် အခမဲ့ပေးနေရတာလည်း ရှိပါတယ်။ အောက်ဆီဂျင် ထုတ်လုပ်လည်ပတ်နိုင်ဖို့ အောက်ဆီဂျင်ထုတ်လုပ်ရေးကော်မတီက အလှူငွေကောက်ခံရရှိမှုနှင့် လည်ပတ်နေရတာဖြစ်လို့ ယခုလိုလှူဒါန်းမှုအပေါ် ကျေးဇူးအထူးတင်ရှိပါတယ်” ဟု အောက်ဆီဂျင်ထုတ်လုပ်ရေး ကော်မတီက ဦးကိုမျိုးက ပြောပြသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံက တစ်နာရီတွင် ၄၀လီတာအိုး ၅ လုံးထုတ်လုပ်နိုင်ပြီး ၁၈ နာရီ တွင် အလုံးရေ ၉၀ထုတ်လုပ်နိုင်ကြောင်း၊ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအတွက် တစ်လလျှင် ပျမ်းမျှ ၁၂၀ လုံး ပေးဝေလျက် ရှိကြောင်း၊ အောက်ဆီဂျင်ထုတ်လုပ်မှုကို အလှူရှင် များ၏ လှူဒါန်းငွေများဖြင့် ထုတ်လုပ် လည်ပတ်နေကြောင်း အဆိုပါ ကော်မတီက သိရသည်။

သတင်း - ကိုထွန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)