ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုကောင်းမွန်စေရေး ကျောက်ဆည်-အနောက် သာဂရလမ်း ပိုင်းအား မြေသားတာဘောင် မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုကောင်းမွန်စေရေး ကျောက်ဆည်-အနောက် သာဂရလမ်း ပိုင်းအား မြေသားတာဘောင် မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်


MNP - မတ်    ၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုကောင်းမွန်ပြီး ကျေးရွာများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက် လမ်းများ အား မြေသားတာဘောင်မြေဖို့ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်း၊ ကျေးရွာချင်း ဆက်လမ်းများပေါ်တွင် တံတားများတည်ဆောက်ပေး ခြင်း၊ ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ကျောက်ဆောက်ကုန်း လမ်းပိုင်းအား  မြေသား တာဘောင် မြေဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ မြေသားတာဘောင် မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မန္တလေးတိုင်း ဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၄၉)သန်းဖြင့် အလျား(၁.၇)မိုင်၊ အကျယ်(၂၁)ပေ ဆောင်ရွက်ပေး ခြင်းဖြစ်ပြီး လုပ်ငန်းများ သတ်မှတ်ကာလနှင့် သတ်မှတ်အရည်အသွေး ရှိစေရေးအတွက် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရ သည်။

ကျောက်ဆည်- အနောက်သာဂရလမ်းပိုင်း မြေသားတာဘောင်မြေ ဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ပါကကျေးရွာ (၂၀) ရွာမှ အိမ်ခြေ (၃၃၃၉) အိမ်၊ လူဦးရေ (၁၅၆၉၀) ဦး၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးများ ပိုမိုဖွံ့ဖြိုးလာပြီး ဒေသတွင်း ကုန်စည်စီးဆင်းမှုများ မြန်ဆန်လာမည်ဖြစ် ကြောင်း သိရှိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)