ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေး ဆောင်ရွက်



MNP  -   မတ်    ၂၇

မွန်ပြည်နယ်၊  ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ် မီးသတ် ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စာစစ်ဌာနများအား စစ်ဆေးဆောင်ရွက်ရာတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ မီးဘေးအန္တရာယ် မရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးခလုတ်များ၊ မီးပလပ်ခေါင်းများ လုံခြုံစိတ်ချမှု  ရှိ/မရှိ နှင့် မီးကြိုးများ ပေါက်ပြဲ မှုရှိမရှိ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/ မရှိတို့ကို မြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးနှင့် တပ်ဖွဲ့ဝင်များ ၊ပညာရေးမှူး၊ ဆရာ ၊ဆရာမများတို့နှင့်အတူ စာစစ်ဌာနများရှိ စာဖြေခန်းမများအား  စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

သတင်း - သန်းသန်းမော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)