တရားမဝင် သစ်မျိုးစုံနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် သစ်မျိုးစုံနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ



MNP ၊ မတ် ၈

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ (၁၄ ဒသမ ၄၁၇၈)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၀၀၉,၂၄၆) လည်းကောင်း၊ မတ် ၅ ရက်တွင် မြောက်ဥက္ကလာပ မြို့နယ်နှင့် လှည်းကူး မြို့နယ်တို့အတွင်း  တရားမဝင် ကျွန်းပါကေးအကြမ်းတုံး (၂.၃၀၃၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၀,၉၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) လည်းကောင်း၊ မတ် ၆ ရက်တွင် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး  အမြန်လမ်း မိုင်တိုင်(၂၂/၇) အနီး၌ တရားမဝင် ကျွန်းပါကေး အကြမ်းတုံး (၀ ဒသမ ၈၂၅၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၇,၆၂၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်(၁)စီး၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၉၄၇,၈၂၆)  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


အလားတူ မတ် ၅ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက သတင်းအရ သွားရောက် စစ်ဆေးရာ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ တလိုင်းဘိနယ်တွင် တရားမဝင် တောင်သရက် ခွဲသား (၂ ဒသမ ၇၅၅၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂,၈၅၀) လည်းကောင်း၊ မတ် ၆ ရက်တွင် အမှတ်(၅၅)၊ ခြေလျင်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်၊ တန်းလွဲဘိနယ်တွင် တရားမဝင် သစ်မျိုးစုံ (၆ ဒသမ ၇၈၂၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇,၃၇၇) လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၀,၂၂၇) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။


ထို့အပြင် မတ် ၈  ရက်တွင် ပဲခူးတိုင်း‌ဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေး‌ရေး အဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ် (၁ ဒသမ ၀၂၈၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆,၈၆၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ မတ် ၄ ရက်၊ ၅ ရက် ၊ ၆ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၄၂,၅၃၄,၉၁၃) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)