မိုးညှင်းမြို့၌ သစ်ခွဲသားများတင်ဆောင်လာသည့် ယာဉ်တစ်စီး ချောင်းကူးတံတားအားဖြတ်သန်းစဉ် တံတားကျိုးပြီး ချောင်းအတွင်း ထိုးကျမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ သစ်ခွဲသားများတင်ဆောင်လာသည့် ယာဉ်တစ်စီး ချောင်းကူးတံတားအားဖြတ်သန်းစဉ် တံတားကျိုးပြီး ချောင်းအတွင်း ထိုးကျမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံး





MNP - မတ်    ၃၀

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာအုပ်စု နန့်ပုတ်-ကာဒူ ကျေးရွာချင်းဆက်လမ်းမပေါ်တွင် မတ် ၃၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က သစ်ခွဲသားများတင်ဆောင်လာသည့် ယာဉ်တစ်စီး တံတားကျိုးပြီး ချောင်းအတွင်းသို့ ထိုးကျမှုဖြစ်ပွားခဲ့ရာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာအုပ်စု နန့်ပုတ်-ကာဒူ ကျေးရွာချင်းဆက်လမ်းမပေါ်တွင် ယာဉ်မောင်း ဦးအောင်မြင့်ထွန်း မောင်းနှင်ပြီး ယာဉ်နောက်လိုက် မောင်မြင့်သူလိုက်ပါလာသည့် ယန်းဖောင်အမျိုးအစား (၆)ဘီးယာဉ်သည် ကျွန်းသစ်ခွဲသားများ တင်ဆောင်၍ နန့်ပုတ်ကျေးရွာအဝင် နန့်ရင်းချောင်းကူး အကျယ်ပေ (၁၅)ပေနှင့် အရှည် (၁၅၀)ပေရှိသော သစ်သားတံတားပေါ်သို့ ဖြတ်သန်းမောင်းနှင်နေစဉ် အဆိုပါတံတား ကျိုးကျပြီး ချောင်းအတွင်းသို့ ထိုးကျခဲ့ကြောင်း၊ ယာဉ်ထိုးကျမှုကြောင့် ယာဉ်မောင်း ဦးအောင်မြင့်ထွန်းတွင် ယာဘက်နိုအုံအောက် ညိုမဲဖူးရောင်ဒဏ်ရာ၊ ဝဲလက်မောင်း ပွန်းပဲ့ညိုမဲ ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်နောက်လိုက် မောင်မြင့်သူတွင် မျက်နှာညိုမဲဖူးရောင် ဒဏ်ရာ၊ နှာခေါင်း/နားသွေးထွက်ဒဏ်ရာ၊ ညာဘက်နံရိုး ညိုမဲဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဦးအောင်မြင့်ထွန်းအား သေမှုသေခင်းများဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဇွဲသူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)