ပွင့်ဖြူမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာဖြေဌာနကျောင်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာဖြေဌာနကျောင်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

=


MNP -  မတ်    ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာဖြေဌာန ကျောင်းများအား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေနှင့် မီးဘေးလုံခြုံစိတ်ရမှု ရှိ/မရှိ အခြေအနေများကို၊ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဆောင်သော ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စီစဉ်ထားရှိသော စာဖြေဌာနကျောင်းများဖြစ်သည့် ပွင့်ဖြူမြို့(အ.ထ.က)၊ ရှောက်တောကျေးရွာ (အ.ထ.က)၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)၊ လယ်ကိုင်း ကျေးရွာ(အ.ထ.က)၊ မဲဇလီကျေးရွာ (အ.ထ.က)၊ ကျောင်းတော်ရာကျေးရွာ(အ.ထ.က)နှင့် ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်းသို့ ကွင်းဆင်းသွားရောက်ပြီး ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် စာဖြေခန်းများ အလိုက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ လုံခြုံရေးစီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ် ရေးလုပ်ငန်း ပြင်ဆင်ဆောင်ရွက်ထား ရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် တာဝန်ခံကျောင်းအုပ် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အန္တရာယ် ကင်းစွာနှင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ဖြေဆို ကျင်းပမည်ဖြစ်ကာ တစ်မြို့နယ်လုံး ဖြေဆိုရန် လျှောက်ထားသူဦးရေအနေဖြင့် အတွင်းဖြေဆိုသူ ၉၁၂ ဦး၊ ပြင်ပဖြေဆိုသူ ၇၀၇ ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၂၀၆ ဦး ရှိကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းအေး ထံမှ သိရသည်။ 

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)