လှိုင်းဘွဲမြို့နယ် သမ္ဘာန်ကျေးရွာတွင် ကျေးလက်နေပြည်သူများ အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် သမ္ဘာန်ကျေးရွာတွင် ကျေးလက်နေပြည်သူများ အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး


MNP - မတ်    ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သမ္ဘာန်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့် ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ပထမ(၆)လပတ်၊ ပြည်ထောင်စုရန်ပုံငွေ (၇၅.၆၅၁)ကျပ်သန်း ဖြင့် လမ်းအရှည်(၆.၃၆)ဖာလုံ၊ အကျယ်(၁၂)ပေ၊ အထူ(၂)ပေ(၉)လက်မဖြင့် ကျေးလက်ကုန်ထုတ် လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းမပေါ်တွင် ကွန်ကရစ်ရေပွန်(၅)စင်း တည်ဆောက်ခြင်းတို့အား သပြေရိပ်ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်၍ ကျေးလက် နေပြည်သူများအနေဖြင့် စိုက်ပျိုးရေး ထွက်ကုန်များကို လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ် သဖြင့် လူမှုရေး၊စီးပွားရေး ကဏ္ဍများအတွက်များစွာ အကျိုးပြုမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - စောဒိ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)