အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခမဲ့ သင်တန်းအဖြစ် ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခမဲ့ သင်တန်းအဖြစ် ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား

 


MNP - မတ်   ၂၈

 ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီတွင် ပန်းချီပညာကို တတ်မြောက်နိုင်စေရန် ရည်ရွယ်၍ နွေရာသီ အခမဲ့ သင်တန်းအဖြစ် ပန်းချီသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့သည်။

ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပန်းချီးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများအဖြစ် ပန်းချီဆရာ ဦးသက်တင်၊ ဦးကြင်မောင်၊ ဦးသန်းထိုက်ရွှေ၊ ပန်းချီ နွေနှင်းလတ်တို့က ပန်းချီအခြေခံနှင့် လူပုံရေးဆွဲနည်း၊ ရှုခင်းရေးဆွဲနည်း၊ သရုပ်ဖော် ဒီဇိုင်းနှင့် လက်ရေး၊ အခြေခံမျဉ်း ရေးဆွဲနည်းစသည့် ပန်းချီပညာရပ်များကို သင်တန်းသား (၂၀)ဦးအား စာတွေ့၊လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး ပန်းချီသင်တန်းကာလမှာ မတ်လ(၂၈) ရက်နေ့မှ မတ်လ(၃၀)ရက်နေ့အထိ နံနက်(၁၀)နာရီအချိန်မှ နေ့လယ်(၁၂)နာရီ အချိန်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

 နွေရာသီ အခမဲ့ သင်တန်းများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊လူထုအခြေပြုဗဟိုဌာန Community Cnetre ခန်းမတွင် အဆိုပါ ပန်းချီသင်တန်းအပြင် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အတတ်ပညာ ဗဟုသုတရရှိစေမည့် သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲထက်ကို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)