နတ်မောက်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP -  မတ်    ၂၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းရာတွင် ကျောင်းဝန်းအတွင်းမီးဘေးလုံခြုံရေးအတွက်မီးသတ်ဆေးဘူများ၊ မီးချိတ်၊ မီးကပ်၊ သဲကန်၊ ရေကန်များထားရှိမှုအခြေအနေ၊ လျှပ်စစ်ဝါယာကြိုးနှင့် လျှပ်စစ်ပစ္စည်းများ အခြေအနေ၊ ယာယီမီးစက်ထားရှိမည့်နေရာ၊ လုံခြုံရေးချထားမည့် နေရာများကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများ ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့တို့က ပူပေါင်းဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

သတင်း - သင်းသင်းမြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)