သာယာဝတီမြို့အဝင်ဂိတ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ခရီးသွားကားများ စစ်ဆေး ရေးဂိတ်ဖွင့်လှစ်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့အဝင်ဂိတ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ခရီးသွားကားများ စစ်ဆေး ရေးဂိတ်ဖွင့်လှစ်စစ်ဆေး

 


MNP - မတ်    ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် သာယာဝတီမြို့အတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေး ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် သာယာ ဝတီမြို့ အဝင်ဂိတ် ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်/ဆက်၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း ၊ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုရှိ၊ မရှိမေးမြန်းခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ မြို့နယ်အတွင်းသို့ ဝင်ရောက် လာသူများအား လာရောက်သည့်ဒေသမှ ကျန်းမာရေးထောက်ခံချက်များပါရှိမှု ရှိ ၊မရှိ စစ်ဆေးခြင်းလုပ်ငန်းတို့ကို နေ့စဉ်နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သာယာဝတိမြို့နယ်အတွင်းသို့ အခြားမြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများအား ရောဂါ ပိုးရှိသည်ဟုသံသယရှိပါက အသွားအလာကန့်သတ်နေထိုင်နိုင်စေရန် ကန့်သတ်စောင့်ကြည့်၍ ရောဂါပိုးတွေ့ရှိပါက သက်ဆိုင်ရာကုသရေးစင်တာများသို့ လွှဲပြောင်းပေးနိုင်ရေး စီစဉ်ထားကြောင်း၊ ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်း များအား လိုက်နာရန်လိုအပ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်းအိုမီခရွန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသိတရားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

သတင်း - သန့်ဇော် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)