MNP - မတ် ၂၅
(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို မတ်လ(၂၄)ရက်၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည် တပ်မတော်၏သမိုင်းကြောင်းအား လူငယ်လူရွယ်များ သိရှိစေရန်၊ နွေရာသီကျောင်းပိတ်ရက် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အကျိုးရှိစွာ အသုံးပြုနိုင်ရန်နှင့် လူငယ်လူရွယ်များ စဉ်းစားတွေးခေါ်မှုမြင့်မား၍ ဖြတ်ထိုးဉာဏ်များ ကောင်းမွန်လာစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကိုကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး ပြပွဲ၊ ပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် Book Clubအဖွဲ့တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြကြောင်းလည်း သိရသည်။
သတင်း - ဇင်မင်းထိုက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment