ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ အား ငွေကြေးထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ အား ငွေကြေးထောက်ပံ့ပေး


MNP -  မတ်    ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်အမှတ် (၂) ရပ်ကွက် များရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွား‌လာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များ ငွေကြေးထောက်ပံ့ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲ အချိန်ခန့်က ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်ကိုယ်တိုင် အိမ်တိုင်ရာရောက်  လိုက်လံပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ထောက်ပံ့ပေးခဲ့သည့် အကျိုးခံစားခွင့်ရှိသူများအား ပထမအကြိမ်  ၂၀၂၀ ဧပြီလမှ စက်တင်ဘာလ အထိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ကိုယ်ဝန်ဆောင်မိခင် (၄၇၀၂၅) ဦးနှင့် ကလေး (၂၄၀၀၄) ဦးအား ထောက်ပံ့ငွေကျပ် သိန်းပေါင်း(၅) သောင်းကျော်၊  ဒုတိယ အကြိမ် ၂၀၂၀ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ကိုယ်ဝန်ဆောင်မိခင် (၅၉၃၉၄) ဦးနှင့် ကလေးသူငယ် (၅၇၃၆၄) ဦးအား ထောက်ပံ့ငွေကျပ်သိန်းပေါင်း (၅) သောင်းကျော်၊ တတိယအကြိမ် ၂၀၂၁ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ်မှာ ကိုယ်ဝန်ဆောင်မိခင် (၄၆၈၇၀) ဦးနှင့် ကလေးသူငယ် (၁၀၈၃၀၁) ဦးအား  ထောက်ပံ့ငွေ ကျပ် သိန်းပေါင်း (၆) သောင်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက သိရသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှုး နော်သဝါးက  အကျိုး ခံစားခွင့်ရှိသော ကိုယ်ဝန်ဆောင်များနှင့် ၂၀၂၀ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစ၍  မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ၏ ငွေကြေးသုံးစွဲမှုအခြေအနေနှင့်ပတ်သက်၍ ဆန်းစစ် ချက် မေးခွန်း(၁၅)ခုအား မေးမြန်းကာ စစ်တမ်းကောက်ယူခဲ့ပြီး၊ မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများပါ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ဝင်းကြိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)