ဘားအံမြို့တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂန္ဓမာလမ်းနှင့် စိန်ခြယ်လမ်း ကွန်ကရစ်လမ်းသစ်များဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂန္ဓမာလမ်းနှင့် စိန်ခြယ်လမ်း ကွန်ကရစ်လမ်းသစ်များဖွင့်လှစ်





MNP - မတ်    ၂၇

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဂန္ဓမာလမ်းနှင့် စိန်ခြယ်လမ်းကွန်ကရစ်လမ်းသစ်များဖွင့်ပွဲကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က အဆိုပါလမ်းများမုခ်ဦး၌ ကျင်းပသည်။

လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီး ချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယဉ်ကျေးမှုအဖွဲ့များ၊ အိုးစည်ဒိုးပတ်အဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့် လမ်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ရန်ပုံငွေမှ ခွဲဝေချထားသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၆၉ ဒသမ ၀၅ သန်းဖြင့် ဂန္ဓမာလမ်းအား အရှည် ၇၃၅ ပေ၊ အကျယ် ၂၄ ပေ၊ ထု ၆ လက်မဖြင့်လည်းကောင်း၊ စိန်ခြယ်လမ်းအား အရှည် ၅၀၅ ပေ၊ အကျယ် ၂၄ ပေ၊ ထု ၆ လက်မဖြင့်လည်းကောင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)