မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစား သင်တန်း ဖွင့်လှစ်ပြီး အားကစားနည်း ၄ မျိုး သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစား သင်တန်း ဖွင့်လှစ်ပြီး အားကစားနည်း ၄ မျိုး သင်ကြားပေး



MNP - မတ်    ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ နမ့်ရယ်ခမ်းမ၌ ပြုလုပ်သည်။

နွေရာသီအခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်နှင့် Fitness Dance စသည့် အားကစားနည်း ၄ မျိုးကို အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား မတ် ၂၈ ရက်မှ ဧပြီ ၉ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ၆ ဦးဖြင့် ပိုက်ကျော်ခြင်းကို နံနက် ၇ နာရီမှ ၉ နာရီအထိ၊ Fitness Dance ကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ၊ စားပွဲတင်တင်းနစ်ကို နေ့လယ် ၁ နာရီမှ ၃ နာရီအထိ၊ ဘောလုံးကို ညနေ ၄ နာရီမှ ၆ နာအထိ အချိန်ဇယားများခွဲ၍ အသီးသီး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်ဇင်ထိုက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)