ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်မည့် မြေနေရာအတွင်း ပါဝင်နေသည့် သီးနှံပင်များနှင့် သစ်မာပင်များအတွက် တောင်သူများထံ တတိယအကြိမ် နစ်နာကြေးငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်မည့် မြေနေရာအတွင်း ပါဝင်နေသည့် သီးနှံပင်များနှင့် သစ်မာပင်များအတွက် တောင်သူများထံ တတိယအကြိမ် နစ်နာကြေးငွေပေးအပ်

 


MNP -  မတ်  ၃၀

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်း ပြည်နယ်အတွက် ပထမဆုံးစတင် တည်ဆောက်ဖွင့်လှစ်သွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမြေနေရာ၌ တောင်သူများ စိုက်ပျိုးထားသည့် သီးနှံပင်များနှင့် သစ်မာပင်များအတွက် တတိယအကြိမ် အဖြစ် တောင်သူများထံ နစ်နာကြေးပေးအပ်ပွဲအခမ်းအနားကို မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

သီးနှံနစ်နာကြေးငွေပေးအပ်ပွဲတွင် တောင်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ မိမိတို့သားသမီး၊ လူငယ်လူရွယ်များ၏ အနာဂတ်တွင် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန် ထက်မြက်သော ဦးဆောင်ဦးရွက်ပြုသူများဖြစ်လာစေရန်၊ ပြည်နယ်၏ အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုး တက်လာစေရန် တည်ဆောက်ဖွင့်လှစ်သွားမည့် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း မြေနေရာအတွက် ယခုလိုပူးပေါင်းပါဝင်ကူညီကြသော တောင်သူများအား ဝမ်းမြောက် ဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊ ထို့အပြင် မိမိတို့ပြည်နယ်၏အကျိုး၊ မိမိတို့သားသမီးများ အကျိုး အတွက် ပါဝင်ဆောင်ရွက် ကြသူများအဖြစ် ပြည်နယ်သူ/သားများကိုယ်စား ကျေးဇူးအထူးတင်ရှိ ပါကြောင်း ဂုဏ်ပြုပြောကြား သည်။

ယင်းနောက် မြစ်ကြီးနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်းက အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းမြေနေရာအတွင်း ပါဝင်နေသည့် သီးနှံပင်များနှင့် သစ်မာပင်များအတွက် နစ်နာကြေးပေးအပ်နိုင်ရေး တောင်သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့မှုများ၊ ပေးအပ်သွားမည့် အစီအစဉ်များကို တင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူ များက မြေဧရိယာအတွင်း တောင်သူ(၂၀)ဦးတို့အား စိုက်ပျိုးထားသည့် သီးနှံပင်များနှင့် သစ်မာပင် များအတွက် နစ်နာကြေးငွေစုစုပေါင်း ၄၅၃၀၅၉၄၁ ကျပ်ကို ပေးအပ်ကြရာ တောင်သူများက လက်ခံ ရယူခဲ့ကြပြီး ပိုင်ဆိုင်မှုစာချုပ်များကို လွှဲပြောင်းပေးအပ်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်း အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေး ပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေနေရာတွင် လျာထားဆောင်ရွက်ခဲ့ပြီး မြေဧရိယာအတွင်း ပါဝင်နေသည့် သီးနှံပင်များနှင့်သစ်မာပင်များအတွက် နစ်နာကြေး ပေးအပ်ခြင်းကို ပထမအကြိမ်အဖြစ် တောင်သူ ၄ ဦးတို့အတွက် ၁၃,၂၃၅,၂၂၇ ကျပ် ကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် တောင်သူ ၁၀ ဦးတို့ အတွက် ၃၈,၁၄၉,၈၆၇ ကျပ် ကိုလည်းကောင်း ပေးအပ်ခဲ့ပြီး ယနေ့အခမ်းအနားတွင် တတိယအကြိမ်အဖြစ် နစ်နာကြေး ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)