ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပေးအပ်ပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပေးအပ်ပွဲသို့ တက်ရောက်



MNP - မတ်    ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ “ပန်းခင်း” စီမံချက်ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီက ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း အီးကေကိမ်းငင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် အမှတ်စဉ် (၅)နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၁ (က) တွင် ရွေးကောက်ပွဲစတင်သည့် နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်ဟု ပြဌာန်းချက်နှင့်အညီ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိမည့် အသက် ၁၈ နှစ် ပြည့်ပြီးသူ တိုင်းအား နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စိစစ်ရေးကတ်ပြားများ ရရှိကိုင်ဆောင်နိုင် ရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့ မှစတင်ကာ နိုင်ငံအဝှမ်း နေ့စဉ် ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် ပေးအပ်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများသည် လူတစ်ဦးအတွက် မြန်မာနိုင်ငံသားအတွက် အလွန်အဖိုးထိုက်တန်ပြီး တန်ဖိုးမဖြတ်နိုင်သည့် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းခံရသည့် ကတ်ဖြစ်ပါကြောင်း၊ နိုင်ငံသား တစ်ဦး၏ အခွင့်အရေးများကို တရားဝင်ခံစားနိုင်တော့မည်ဖြစ်သည့်အတွက် လူမှုဘဝပြည့်စုံဖို့ရန်အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ နိုင်ငံသားမှတ်ပုံတင်ရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွားလာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝမြှင့်တင်နိုင် မည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးရရှိရေး “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဟားခါးထာရ် ရပ်ကွက် (၁) ရပ်ကွက်နှင့် (၂) ရပ်ကွက်ရှိ ပြည်သူ (၁၀၁) ဦးအား အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ကြပြီးနောက် ပြည်သူများကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြား သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်များ ပေးအပ်ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)