မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန်တိုင်းဖြတ်သန်းစဉ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန်တိုင်းဖြတ်သန်းစဉ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်



MNP - မတ်     ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အားကောင်းသောမုန်တိုင်းငယ်ဖြစ်သန်းစဉ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူများ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းလုပ်ငန်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပြည်သူများလက်ဝယ်အရောက်ပေးအပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းထက်မှူး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု (၉)အုပ်စုအတွင်းရှိ တစ်စိတ်တစ်ပိုင်း ပျက်စီးသည့်နေအိမ် (၅)လုံး၊ ပြိုကျပျက်စီးခဲ့သောနေအိမ် (၂၆)လုံး၊ စုစုပေါင်းနေအိမ် (၃၁)လုံး၊ အိမ်ထောင်စု (၃၁)စုမှ ဘေးသင့်ပြည်သူ (၁၁၉)ဦးတို့အား ဆန်ရိက္ခာ (၇)ရက်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်း (၁၆၉၉၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂၆)ပုံးအား ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - အောင်အောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)