ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

         

MNP - မတ်    ၃

ရန်ကုန်တိုင်းဒေသကြီး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အခမ်းအနားမှူး ဆရာတော် အဖြစ်ဆရာတော် ဒေါက်တာ သုနန္ဒက အခမ်းအနားမှူး ဆရာတော် အဖြစ်ဆောင်ရွက်ပြီး  သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး အမှူးပြုသော ပါမောက္ခ၊ ကထိကဆရာတော် များနှင့်တကွ ဘွဲ့ခံယူကြမည့်ကျောင်းသား၊ကျောင်းသူများ အားလုံးက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဘွဲ့နှင်းသဘင်အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ ကျေးဇူးတော်ရှင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် သီတဂူဆရာတော် ဘုရားကြီးမှ ဗုဒ္ဓဒေသနာ ဘီအေဝိဇ္ဖာဘွဲ့ခံယူကြမည့် ကျောင်းသား ကျောင်းသူ များအား ဘွဲ့အပ်နှင်းခြင်း၊ ဘွဲ့ခံယူခြင်းသော ဘွဲ့နှင်းသဘင်နှင့် ပတ်သက်၍ ဩဝါဒ စကားချီးမြင့်ဟောကြားခဲ့သည်။ ထို့နောက် ဘွဲ့ခံကျောင်းသားကျောင်းသူများအား ဆရာတော် ဘုရားကြီးမှ ဘွဲတံဆိပ်များအပ်နှင်းပေးပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်(ရန်ကုန်) အုပ်ချုပ်မှု ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ကောဝိဒ သိရီက ဘွဲ့ခံ ကျောင်းသား/ ကျောင်းသူများအား သီတဂူသစ္စာအဓိဌာန်ကို ရွတ်ဆိုတိုင်ကြားပေးရာ ဘွဲ့ခံကျောင်းသား/ ကျောင်းသူ များမှ အဓိဌာန်ရွတ်ဆိုကြသည်။

ထို့နောက် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိဿရမှ နိဂုံးချုပ်ဩဝါဒစကားမြွက်ကြားကာ ဘွဲ့ခံကျောင်းသား/ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ဦးမြင့်လွင်၊ ဒေါ်စန်းစန်းအေး မိသားစုတို့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး မြတ်မေတ္တာ မွန်ကုမ္ပဏီလီမိတက်၊ တော်ဝင်မိသားစု ကုမ္ပဏီလီမိတက်တို့မှ သကင်္န်းနှင့် နဝကမ္မဝတ္တုငွေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်း - မြင့်မြင့်ရီ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)