ယူကရိန်းကို ရုရှား ဝင်ပြီး ၁၀ ရက် အကြာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းကို ရုရှား ဝင်ပြီး ၁၀ ရက် အကြာ


MNP ၊ မတ် ၅

ဘီလာရုနယ်စပ်မှာ လုပ်နေတဲ့ ဆွေးနွေးပွဲအရ  ရုရှားထိုးစစ်ဝင်နေတဲ့ မာရီယူပေါမြို့ နဲ့ ဗော်နိုဗာခါမြို့ က အရပ်သားတွေ စစ်ဘေးရှောင်နိုင်ဖို့ အတွက် အပစ်ခဏ ရပ်ထားမယ်လို့ သိရပါတယ်။

မာရီယူပေါကတော့ ယူကရိန်း အရှေ့တောင်ဖက်က မဟာဗျူဟာကျတဲ့ မြို့ တစ်မြို့ ဖြစ်ပြီး ဗော်နိုဗာခါကတော့ ယူကရိန်း အရှေ့ဖက်က မြို့ပါ။ ဒီနေ့မနက် ဒေစံတော်ချိန် ၈ နာရီမှာ အရပ်သားတွေ စထွက်နေပါပြီ ။

ယူကရိန်းမှာ နျူဓာတ်ပေါင်းဖို ၁၅ လုံးနဲ့ မီးပေးနေတာပါ။ ရုရှားဗုံးဆံတွေ ဓာတ်ပေါင်း ဖိုတစ်လုံး ရဲ့ ဝင်းထဲကို ကျသွားလို့ ယူကရိန်းစစ်သား ၃ယောက်သေပြီး ၂ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုကတော့ ဘာမှ မဖြစ်ခဲ့ပါဘူး ။

 အဲ့ဒါနဲ့ ပတ်သက်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားတွေ နျူ ကလီယဓာတ်ပေါင်းဖိုတွေ ကို တိုက်ခိုက်လာရင် ဥရောပ တစ်တိုက်လုံး ဒုက္ခရောက်သွားနိုင်တဲ့အတွက်ကြောင့် ယူကရိန်းနိုင်ငံအပေါ် လေယာဉ်မပျံသန်းရေး ဇုံအဖြစ်သတ်မှတ်ပေးဖို့ နေတိုးကိုတောင်း ဆိုခဲ့ပါတယ်.။

 နေတိုးအဖွဲ့စစ်ရေးချုပ် က ယူကရိန်းကို မပျံသန်းရေးဇုံ သတ်မှတ်လိုက်ရင် ဥရောပမှာ စစ်မီး ပိုပွားသွားနိုင်တဲ့အတွက် ကြောင့် ဇီလန်စကီရဲ့ တောင်းဆိုချက်ကို ပယ်ချလိုက်ပါတယ်။  ဇီလန်စကီကတော့ ဒီနေ့ကနေစပြီး နောက်ပိုင်း သေဆုံးသွားတဲ့သူတွေက နေတိုးရဲ့ တာဝန်ယူချင်တဲ့ စိတ်ကင်းမဲ့ မှုကြောင့် ဖြစ်ရတာလို့ ပြစ်တင်လိုက်ပါတယ်။

 ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားတွေကို တိုက်ခိုက်ဖို့ အတွက် နိုင်ငံခြားသားဖိုက်တာတွေကို အွန်လိုင်းပေါ်မှာ ဝက်ဘ်ဆိုက် ထောင်ပြီး အဲ့ဒိကနေ ကနေ ဗီဇာထုတ်ပေးနေပါတယ်။ နိုင်ငံခြားကိုရောက်နေတဲ့ ယူကရိန်းသား ၆သောင်းခွဲကျော် ကလည်း ရုရှားကို တိုက်ခိုက်ဖို့ အိမ်ပြန်လာနေကြပါတယ်။

ရုရှား ဆရာများ သမဂ္ဂ အကြီးအကဲ ဒန်နီကန် ကို စစ်မဖြစ်ရေးလှုတ်ရှားမှုနဲ့ သတင်းမှားများ ဖြန့်ဝေမှုတို့ ကြောင့် ရုရှားမှာ ယခုထုတ်ပြန်ထားတဲ့ မီဒီယာ ဥပဒေနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ရုရှား ရဲ့ ယူကရိန်းအပေါ် စစ်ရေးအရ အရေးယူမှုကို စစ်ပွဲ ၊ ကျူးကျော်စစ်ဆိုတဲ့ စကားလုံး များသုံးရင် ထောင် ၁၅ နှစ်ချမယ်လို့ အမိန့်ထုတ်ထားပါတယ်။  

ပိုလန်နိုင်ငံကို ရောက်လာတဲ့ ယူကရိန်း စစ်ဘေးရှောင် ၈သိန်းနီးပါးဖြစ် နေပါပြီ။

ယူကရိန်း တောင်ဖက်ပိုင်း နဲ့ အရှေ့ဖက်ပိုင်းမှာ အပစ်ရပ်ဆဲမှုတွေ လုပ်ထားပေမဲ့ မြောက်ပိုင်း နဲ့ အနောက်မြောက်ပိုင်း က မြို့တွေမှာတော့ အပြင်းအထန် တိုက်ခိုက်နေကြတုန်းပါပဲ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)