ရသေ့တောင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ(၃၀၃၈)ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ(၃၀၃၈)ဦး ဝင်ရောက်ဖြေဆိုမည်



MNP ၊ မတ် ၂၅

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ (၂၀၂၁-၂၀၂၂)ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသားကျောင်းသူ(၃၀၃၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်း၌ မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရသေ့တောင်မြို့နယ်၌ ကျောင်းတွင်းမှ ဖြေဆိုမည့် ကျောင်းသားကျောင်းသူ(၁၀၄၄)ဦး၊ အလွတ်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ(၁၉၉၄)ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ(၃၀၃၈)ဦးတို့သည့် သက်ဆိုင်ရာဘာသာတွဲအလိုက် စာစစ်ဌာန(၉)ခုတို့၌ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။ ရသေ့တောင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် အ.ထ.က-၁၊အထက၂၊အမက ၂ ၊အမက ၄၊မေယုခန်းမ၊အားကစားခန်းမ၊အလိုတောင်ပြည့်ကျောင်းတိုက်၊သာသနာ့ဇောတိပါလကျောင်းတိုက်၊စေတီယဂဏကျောင်းတိုက်နှင့်ဇီးကိုင်းစာစစ်ဌာနကိုစစ်‌ တွေအထက(ခွဲ)အလက(၅)ရေတပ်ကျောင်းစာစစ်ဌာနတို့တွင် စိတ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)