ကျွန်းစုမြို့အဝင် ဆိပ်ကမ်းမှ ဘုရင့်နောင်လမ်းဆုံအထိ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့အဝင် ဆိပ်ကမ်းမှ ဘုရင့်နောင်လမ်းဆုံအထိ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ပြီးစီး



MNP - မတ်   ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ပြည်သူများသွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် မတ်လ(၁၀)ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျွန်းစုမြို့အဝင်ဆိပ်ကမ်းမှ ဘုရင့်နောင်လမ်းဆုံအထိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို ယမန်နေ့က ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းသည် ကျွန်းစုမြို့ပေါ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် ဆက်သွယ်ထားသည့် တစ်ခုတည်းသော လမ်းမကြီးဖြစ်ရာ ရပ်ကွက်နှင့် ကျေးရွာများမှ ဥယျာဉ်ထွက်ကုန်သီးနှံများနှင့် ခြံထွက်သီးနှံများ တင်ပို့ရောင်းချနေသည့် ကုန်ရောင်း၊ ကုန်ဝယ်များ မြို့မဈေးနှင့် လှေဆိပ်သို့ သွားရာတွင် နေ့စဉ်သွားလာမှု များပြားသည့် လမ်းဖြစ်ပြီး မြိတ်မြို့မှ အမြန်ရေယာဉ်ဖြင့် လိုက်ပါလာသူ ခရီးသွားများနှင့် အစားအသောက်၊ ကုန်စည်များ သယ်ယူရာတွင် နေ့စဉ်အသုံးပြုနေသည့် လမ်းဖြစ် သည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို ၂၀၂၁-၂၀၂၂ခု (၆)လ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရဖွဲ့  ခွင့်ပြုရန်ပုံငွေကျပ် (၈၂၂)သိန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အရှည်(၂၆၆၅)ပေ၊ အကျယ်(၂၄)ပေ၊ ထု (၃)လက်မရှိ ကတ္တရာထပ်ပိုလွှာခင်းခြင်းကို  မတ်လ(၂၇)ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ရာ ဒေသခံပြည်သူများအနေဖြင့် ဥတုသုံးပါးလုံး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ပြီး မြို့သာယာလှပ၍ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူစွာ ၎င်းလမ်းအား အသုံးပြုသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

သတင်း - စည်သူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)