ညောင်ရွှေမြို့နယ်၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်များ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့နယ်၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်များ ပေးအပ်



MNP - မတ်   ၂၉

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲက စံကား ကျေးရွာအုပ်စု ဆည်ခေါင်းကျေး‌ရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်ဦးက အမှာစကားပြောကြားပြီး မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်လွင်က လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်များ ပေးအပ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံတောင်သူ များသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ပေးအပ်ခဲ့ကြသည်။

 အဆိုပါ အခမ်းအနားတွင် စံကားကျေးရွာအုပ်စုအတွင်းရှိ ကွင်း ၁၁ ကွင်း၊ တောင်သူ ၂၄၈ ဦး၊ ဦးပိုင်ပေါင်း ၂၆၇၊  ဧရိယာ ၆၂၄ ဧက အတွက် လယ်ယာမြေလုပ်ပုံခွင့်ပြုလက်မှတ် ပုံစံ(၇) များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

သတင်း - နေမျိုးသူရိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)