MNP - မတ် ၂၈
ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၅၇) ရပ်ကွက်ရှိ ဒဂုံသီရိဈေးတွင် ဈေးတာဝန်ခံနှင့် ဈေးသူဈေးသားများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မီးလောင်မှုဖြစ်ပေါ်ပါက လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးငြှိမ်းသတ်သည့်နည်းလမ်းများ စနစ်တကျရှိစေရေး၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံ တို့ကို ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ပြီး မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများကို ဆောင်ရွက်ထားရှိရန်နှင့် မီးသတ်ဆေးဘူး လက်တွေ့အသုံး ပြုပုံနှင့် လက်တွေ့ မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်းများအား ဆောင်ရွက်ပေးကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရှိရသည်။
သတင်း - သန်းသန်းအေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment