ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ လုပ်ငန်းတာဝန်ဖွဲ့စည်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ လုပ်ငန်းတာဝန်ဖွဲ့စည်းပေးအပ်

 


MNP - မတ်    ၉

ဗန်းမော်ခရိုင်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ လုပ်ငန်းတာဝန်ဖွဲ့စည်းပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဗန်းမော်ခရိုင်အတွင်း၌ ၂၀၂၂ ခုနှစ် ဧပြီလအကုန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ရည်မှန်းချက်ထားရှိသည့်အတွက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များက အားလုံးကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြို့နယ်အလိုက် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ပူးပေါင်း၍ လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် ခရိုင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့် လုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်မည့် အစီအမံများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

သတင်း - ကိန်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)