မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (မကွေး) (၃) ထပ် စာသင်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် အခြေခံကျန်းမာရေး တက္ကသိုလ် (မကွေး) ဘွဲနှင်းသဘင် ခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (မကွေး) (၃) ထပ် စာသင်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် အခြေခံကျန်းမာရေး တက္ကသိုလ် (မကွေး) ဘွဲနှင်းသဘင် ခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး


MNP - မတ်    ၉

မကွေတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အတူ တိုင်းဒေ သကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အစိုးရ စက်မှုလက်မှုသိပ္ပံ(မကွေး) (၃)ထပ်စာသင်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး)ဘွဲနှင်းသဘင်ခန်းမဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး) (၁၉၂ ပေ × ၃၈ ပေ)(၃)ထပ် စာသင်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းသို့ရောက်ရှိ ကြည့်ရှုစစ်ဆေးပြီး၊ ရှင်းလင်း ဆောင်၌ အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး) ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက ကျောင်းဖွင့်လှစ် သင်ကြားဆောင်ရွက်နေမှု အခြေအနေများနှင့် တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူတို့က လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း  လိုအပ်သည်များ မှာကြားကာ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကို လူငယ်လူရွယ်တိုင်း နည်းပညာနှင့် အသက်မွေးပညာတို့ သင်ယူနိုင်ရန် ဖန်တီးပေးထားပြီး အရည်အချင်းရှိတဲ့ နည်းပညာနှင့် အသက် မွေးပညာရပ် အတက်ပညာရှင်များ မွေးထုတ်ပေးနိုင်ဖို့နဲ့  လူငယ်လူရွယ်များ အလုပ်အကိုင်ရရှိမှု တစ်ဦးချင်းဝင်ငွေ တိုးတက်မှုတို့အတွက် နည်းပညာနှင့် အသက်မွေးပညာ၏ ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ဖို့ ရည်မှန်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဒေသလိုအပ်ချက်ဖြစ်တဲ့ နည်းပညာနှင့် အသက်မွေးပညာဆိုင်ရာ ကာလတိုသင်တန်းများ တိုးချဲ့ဖွင့်လှစ် သင်ကြားပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) သို့ ရောက်ရှိပြီး ဘွဲနှင်းသဘင်ခန်းမဆောင်(၂၃၉ ပေ × ၂၀၁ ပေ × ၅၀ ပေ) ဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) ပါမောက္ခချုပ် ဆရာကြီးနှင့် တည်ဆောက် ရေး ကုမ္ပဏီတာဝန်ရှိသူတို့က လိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။

ဆက်လက်၍ ရှင်းလင်းဆောင်တွင် အခြေခံကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်း(၂)ခု ဆောင်ရွက်သွားနိုင်ရေး၊ ဒုတိယနှစ်နှင့် ပထမနှစ် ကျန်းမာ ရေးသိပ္ပံဘွဲ့(အခြေခံကျန်းမာရေး)သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိ မှု အခြေအနေများ၊  နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ စာသင်ကြားရေး/ သုတေသနလုပ်ငန်း ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များအားလည်းကောင်း၊ တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူတို့က လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ တည်ဆောက်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ သတ်မှတ်စံချိန် စံနှုန်းအများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များအား မှာကြားခဲ့သည်။

သတင်း - မောင်ညီညာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)