ကျွန်းစုမြို့တွင် လေပြင်းတိုက်ခတ်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် လေပြင်းတိုက်ခတ်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီး

 


 MNP - မတ်  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ယမန်နေ့ နေ့လယ်(၃)နာရီခွဲအချိန်ခန့်က ရေပြည့်အော်ကျေးရွာ၌ လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။

လေပြင်းတိုက်ခတ်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ကျေးရွာကမ်းနားပိုင်းရှိ အလျား(၂၀) ပေ၊ အနံ(၄၅)ပေ၊ အမြင့်(၁၉) ပေရှိ ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် ပြိုကျပျက်စီးခဲ့ပြီး လူ/တိရစ္ဆာန်ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် မိသားစုများမှာ ရေပြည့်အော်ကျေးရွာတာဝန်ခံ ဦးသန်းနိုင်၏ နေအိမ်၌ ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။

သတင်း - စည်သူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)