လျှပ်စစ်မီးချွေတာသုံးစွဲနိုင်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်မီးချွေတာသုံးစွဲနိုင်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး



MNP - မတ်    ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပြည်သူများ လျှပ်စစ်မီးချွေတာသုံးစွဲနိုင်ရေး နည်းလမ်းများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာကြစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ ဆွေးနွေးခြင်းကို ယနေ့ မွန်းတည့် ၁၂နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးရာတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်က ပြည်သူလူထုများအနေဖြင့် လျှပ်စစ်မီးချွေတာသုံးစွဲကြစေရန်၊ ပွင့်လင်းရာသီ ရောက်ရှိလာသောကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်ကြစေရန်၊ လျှပ်စစ်မီးအသစ် တပ်ဆင်အသုံးပြုမည့် သူများအနေဖြင့် လျှပ်စစ်မီးသီးများအစား LED မီးသီးများ တပ်ဆင် အသုံးပြုကြရေး ရှင်းလင်းမှာကြားသည်။

ထို့နောက် ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအလိုက် လျှပ်စစ်မီးချွေတာသုံးစွဲရေး၊ မီးဘေးလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ နယ်မြေအေးချမ်း တည်ငြိမ်ရေးတို့အတွက် အသိပညာပေး လှုပ်ရှားဆောင်ရွက်ခြင်း၊ အများပြည်သူ ဝင်ထွက် သွားလာသည့် နေရာများတွင် ဗီနိုင်း၊ ပိုစတာ၊ ကြော်ငြာဘုတ်များ ကပ်ခြင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြသည်။

သတင်း - ဆလိုင်းကိုကီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)