မောင်တောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများတွင် ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများတွင် ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး











MNP ၊ မတ်  ၃၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများတွင် ပြင်ဆင်ထားရှိမှုအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီအချိန် စာစစ်ဌာန များ အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။  

ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ ၊မြို့နယ်ပညာရေးမှူး နှင့် တာဝန်ရှိသူများ က  ၂၀၂၁-၂၀၂၂ ပညာ သင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးအတွက်  သက်ဆိုင်ရာ ဌာနဆိုင်ရာများ နှင့် ပူးပေါင်းဆောင်ရွက်ရေး ၊ မေးခွန်းနှင့် အဖြေလွှာများ လုံခြုံမှုရှိစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ထားရှိစေရေး ၊  မီးဘေးလုံခြုံမှု ရှိစေရေး ၊  ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

မောင်တောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အမှတ်(၁) အခြေခံပညာ ထက်တန်း ကျောင်း ၊အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့်  အ.ထ.က(တောင်ပြို) ကျောင်းများ၌ စာစစ်ဌာန(၃)ခုဖွင့်လှစ် ထားရှိပြီး  မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား/သူ ၆၄၉ ဦး နှင့် အလွတ်ဖြေ ကျောင်း သား/ သူ  ၇၈၁ ဦး စုစုပေါင်း ၁၄၃၀ ဦးရှိပြီးကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)