မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ တွေ့ဆုံပွဲကျင်းပ





MNP - မတ်    ၃၁

ပြင်ဦးလွင်မြို့နယ် မြို့တော်ခန်းမ၌ မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီကကျင်းပခဲ့ရာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ ကြောင်းသိရသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူးမှ လယ်ယာမြေဥပဒေနှင့် ပတ်သက်ပြီး လယ်ယာစိုက်ပျိုးလုပ်ကိုင်အသုံးချနိုင်သည့်မြေ အစိုးရပိုင်မြေစသဖြင့် ဥပဒေနှင့် ပတ်သက်၍ သိသင့်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူး မှလည်း သစ်တောဥပဒေ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများအား အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ Clean city၊ Green City ဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ မြို့ပြလူနေထိုင်မှုများပြားခြင်းကြောင့် စွန့်ပစ် အမှိုက်များ စနစ်တကျထိန်းသိမ်းရေး၊ ရေမြောင်းစနစ်များ၊ ဒေသအထိမ်းအမှတ်ဖြစ်သော ချယ်ရီပင်၊ ကော်ဖီပင်၊ ထင်းရှုးပင်များ တိုးချဲ့စိုက်ပျိုးရေး၊ မြို့ပြအင်္ဂါရပ်အား ထိခိုက်စေသော လမ်းဘေး ကျူးကျော်များမရှိစေရေး၊ သဘာဝပတ်ဝန်းကျင်အားထိခိုက်စေသည့် စက်မှုလုပ်ငန်းများ စက်ရုံများ ထပ်မံတိုးချဲ့တည်ထောင်ခြင်းမရှိစေဘဲ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ မြှင့်တင်ရန်စိုက်ပျိုးရေးနှင့်ဒေသထွက်ကုန်များအား အဆင့်မြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲဆောင်ရွက်ရန် စသဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်များကို ရှင်းလင်းဆွေးခဲ့ပြီးနောက် နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

သတင်း - မတ်ဆုမွန်

မြန်မာနေရှင်နယ်ပို့စ်



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)