ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဝေးလံခက်ခဲသော ဒေသများအပါအဝင် ကျောင်းသား/သူများအားလုံး လွှမ်းခြုံထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဝေးလံခက်ခဲသော ဒေသများအပါအဝင် ကျောင်းသား/သူများအားလုံး လွှမ်းခြုံထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး



MNP - မတ်   ၂၆

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဝေးလံခက်ခဲသော ဒေသများအပါအဝင် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး လွှမ်းခြုံထိုးနှံမှု လုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကို ယမန်နေ့နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးသည် အလေးထား လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝေးလံခက်ခဲသည့် ဆော့လော်၊ ဖီမော်၊ လန်ဆယ်၊ အင်ဂျန်းယန်၊ ခေါင်လန်ဖူး၊ ရှိန်းခေါင်ဒေသများရှိ ပြည်သူများ အား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လူမှုရေးအသင်းအဖွဲ့အသီးသီးနှင့် ပူးပေါင်း၍ အဖွဲ့ (၇)ဖွဲ့ခွဲကာ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် ကျောင်းသား/ကျောင်းသူများအား ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနှံနိုင်ရေး အကြံပြုဆွေးနွေးကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်မြတ်သူစိုးက ကာကွယ်ဆေးထိုး လုပ်ငန်းတွင် တပ်မတော်မှ ဝိုင်းဝန်းချိတ်ဆက်ပူးပေါင်းပါဝင်ကူညီနေမှု အခြေအနေများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းအောင်မြင်ရေး အသိပညာပေးခြင်းလုပ်ငန်းကို တွဲဖက်ဆောင်ရွက် နိုင်ရေး အကြံပြုသုံးသပ်တင်ပြပြီး ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်အလိုက် ကော်မတီဥက္ကဋ္ဌများက ပြည်နယ်အတွင်း ခရိုင်အလိုက် ဌာနဆိုင်ရာများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များစုဖွဲ့၍ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ အခြေခံပညာကျောင်း များတွင် ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့မှုအခြေအနေများ၊ ကာကွယ် ဆေးထိုးရန် ကျန်ရှိနေမှုအခြေအနေများနှင့် ဆက်လက်ထိုးနှံပေးသွားမည့် အစီအမံများကို တင်ပြ ဆွေးနွေးကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများရှိ ကျောင်း သား/ကျောင်းသူများအားလုံး ကာကွယ်ဆေးရာနှုန်းပြည့်အပြည့်အဝထိုးနှံပေးနိုင်ရေး လိုအပ်သည့် အစီအမံများနှင့် ပတ်သက်၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၅၀၅ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားဦးရေ ၆၂,၅၉၂ ဦး တက်ရောက်ပညာသင်ကြားခဲ့ကာ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူဦးရေ ၅၈,၇၅၁ ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးစီးသူဦးရေ ၅၄,၆၃၀ ဦးထိရှိကြောင်းနှင့် ၃,၈၄၁ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေပြီး အများစုမှာ ဝေးလံခက်ခဲ သည့် တော်ပေါ်ဒေသများ ကျောင်းသားများဖြစ်ကြောင်း အဆိုပါ အစည်းအဝေးမှ သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)