ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ရပ်ဝေးကျောင်းသား/သူများအားတွေ့ဆုံအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ရပ်ဝေးကျောင်းသား/သူများအားတွေ့ဆုံအားပေး



MNP - မတ်     ၃၀

၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို စတင်ဖြေဆိုကြတော့ မည်ဖြစ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဘားအံမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် တည်းခိုရောက်ရှိနေသော ရပ်ဝေး ကျောင်းသား/ ကျောင်းသူများအား သွားရောက်တွေ့ဆုံ အားပေး၍ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဓမ္မာရုံ၌ နောင်လုံဌာန်ပတိုင် ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒနှင့် ခြံကလေးအောင်ရတနာကျောင်း ဆရာတော်ဘဒ္ဒန္တဝိမလတို့အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြပြီး  ခြံကလေးအောင်ရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် တည်းခို ရောက်ရှိနေထိုင်သော ကျောင်းသား၊ ကျောင်းသူ ၉၃ ဦး၊ ဆရာ၊ ဆရာမနှင့် အုပ်ထိန်းသူ ၂၉ ဦး စုစုပေါင်း ၁၂၂ ဦးအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ အစရှိသော စားသောက်ကုန်များထောက်ပံ့ပေးအပ်ကာ  စာမေးပွဲဖြေဆိုမှုများ အဆင်ပြေချောမွေ့စေရေး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘားအံမွေးမြူရေးဇုန်အဝင်လမ်း အရှည် ၃ ဖာလုံနှင့် ၁၈၀ ပေ၊ အကျယ် ၂၆ ပေရှိ  ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက်နေ မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မွေးမြူရေးကိုအခြေခံ၍ စီးပွားကုန်ထုတ် လုပ်ငန်းများဆောင်ရွက်ပြီး ဒေသတွင်းဝမ်းစာဖူလုံပိုလျှံကာ ပြည်တွင်း၊ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဘားအံမွေးမြူရေးဇုန်၌ မွေးမြူရေးတောင်သူလုပ်ငန်းရှင်များ စတင်မွေးမြူထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် တာဝန်ရှိသူများက ဇုန်းအတွင်း ကြက်၊ ဆိတ်၊ ဝက်၊ နွား အစရှိသည့် မွေးမြူရေးလုပ်ငန်းများစတင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေနှင့် တောင်သူအချို့၏ စတင်မွေးမြူထားရှိမှုအခြေအနေ များကို လိုက်လံရှင်းလင်းတင်ပြကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်သူဦးပိုင်ဝင်း၏ ဥစားကြက်မွေးမြူရေးခြံ၊ တောင်သူဦးသိန်းမြင့်၏ ဆိတ်မွေးမြူရေးခြံနှင့် တောင်သူအောင်ဆန်းဦး၏ ဆိတ်မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဇုန်အတွင်း ရာနှုန်းပြည့်မွေးမြူလုပ်ကိုင်နိုင်စေရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)