(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သာပေါင်း-ရေနံသာလမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သာပေါင်း-ရေနံသာလမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲကျင်းပ



MNP - မတ်  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ တောင်ယာကုန်းကျေးရွာရှိ သာပေါင်း-ရေနံသာလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲကို  ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ တတ်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ယနေ့ဖွင့်လှစ်သော သာပေါင်း-ရေနံသာလမ်းသည် သာပေါင်းမြို့နယ်တွင် စုစုပေါင်း (၂၃)မိုင် အရှည်ရှိပြီး ကျေးရွာပေါင်း (၅၅) ရွာသို့ ဆက်သွယ်ပေးထားသော ဓိကလမ်းတစ်လမ်းဖြစ်ပြီး သာပေါင်း-ရေနံသာလမ်းအား (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်တွင် ကွန်ကရစ် (၁/၄)မိုင်၊ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ကွန်ကရစ် (၁/၄)မိုင်၊ ဆောင်ရွက်ခဲ့ပြီး  ယခု(၂၀၂၁-၂၀၂၂) (mini)ဘဏ္ဍာနှစ်တွင် ကွန်ကရစ်(၁/ဝ.၁၂)မိုင် ဆောင်ရွက်ထားပြီး ကျန်ရှိသည့် ကွန်ကရစ်လမ်း (၂၀/ဝ)မိုင်၊ ကျောက်အမာခံလမ်း (၁၇/ဝ)မိုင်နှင့် မြေသားလမ်း (၁၄/ဝ)မိုင် တို့ကို  ဆက် လက်လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျေးရွာများမှ စပါး၊ ပဲတို့ နှစ်စဉ်များစွာထွက်ရှိ သီးနှံများအား သယ်ယူပို့ဆောင်ရာ အဓိကအသုံးပြု ကျေးလက်လမ်း တစ်လမ်းအနေဖြင့် ပိုမိုလွယ်ကူလျှင်မြန် သက်သာစေမည့်အပြင် ကျေးလက်နေ ပြည်သူလူထုတို့၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးများပါ အစစအရာရာ တိုးတတ်မြင့်မားလာစေရန် ရည်ရွယ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုပါ သာပေါင်း-ရေနံသာလမ်းကို လမ်းမိုင်အဆုံးအထိ နှစ်စဉ်ဘတ်ဂျက်အလိုက် ဆောင်ရွက်ပေးပြီး  ရာသီမရွေး သွားလာနိုင်တဲ့ ကွန်ကရစ်လမ်းအဖြစ် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက်  ဒေသခံတစ်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းတို့က (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  သာပေါင်း-ရေနံသာ ကွန်ကရစ်လမ်းဖွင့်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)